ပရီးမီးယားလိဒ် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့ ဂွါဒီယိုလာ

မန်စီးတီးအသင်းကို ၂ရာသီဆက် ပရီးမီးယားလိဒ်ရယူပေးနိုင်ခဲ့တဲ့ နည်းပြဂွါဒီယိုလာဟာ ပရီးမီးယားလိဒ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။

ယခုနှစ်ရာသီမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်ခဲ့ ပြီး ဂွာဒီယိုလာရဲ့ မန်းစီးတီးအသင်းက လီဗာပူးလ်အသင်းထက် တစ်မှတ်အသာနဲ့ ဗိုလ်ဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ၃၂နိုင်၊ ၂ပွဲသရေ ရမှတ် ၉၈မှတ်ထိ ရရှိခဲ့ကာ ပြီးခဲ့တဲ့ရာသီမှာတင်ရှိခဲ့တဲ့စံချိန်တင်ရမှတ် ၁၀၀ထက် ၂မှတ်သာလျော့နည်းခဲ့ပါတယ်။

“ဒီဆုကိုကျွန်တော့်ရဲ့ကစားသမားတွေနဲ့မျှဝေချင်ပါတယ်၊ သူတို့ဟာ ဒီအရာတွေအားလုံးရဲ့ဖန်တီးရှင်တွေဖြစ်ပါတယ်၊ မန်နေဂျာတွေအားလုံးနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရပါတယ် အထူးသဖြင့်တော့ ယာဂင်ကလော့ပါပဲ”

“အဲ့သလို ယှဉ်ပြိုင်တိုက်ခိုက်နေရတာက ကောင်းပါတယ်၊ နောက်ထပ် ကြီးမားတဲ့ပြိုင်ဆိုင်မှုတွေပြုလုပ်ပြီး ဆုဖလားတွေ ရယူချင်ပါသေးတယ်” လို့ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

#Before kick-off

Leave a comment