
ဘာစီလိုနာ အသင်းဟာ အေတီကို တိုက်စစ်မှူး ဂရစ်မန်းကို ခေါ်ယူနိုင်ခြင်းမရှိပါက ယူနိုက်တက် ကြယ်ပွင့်လေး ရတ်ဖို့ဒ်နဲ့ အာဆင်နယ်တိုက်စစ် အတွဲဖြစ်တဲ့ အူဘာမီယန်နဲ့ လာကာဇက်တို့ကို မျက်စိကျနေတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ အေတီကိုအသင်းကို စွန့်ခွာတော့မယ့် ဂရစ်မန်းကို ကာလရှည်ပစ်မှတ်ထားနေခဲ့တာဖြစ်ပေမယ့် ဒီပြင်သစ်သားကို
PSG နဲ့ မန်စီးတီး အသင်းတွေကပါ ချိတ်ဆက်နေတာဖြစ်လို့ ခေါ်ယူနိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။
Mundo Deportivo သတင်းစာရဲ့ အဆိုအရ ၂၀၂၀ ရာသီကုန်မှာယူနိုက်တက် အသင်းနဲ့ စာချုပ်ပြည့်မြောက်ဖို့ ရှိနေတဲ့ ရတ်ဖို့ဒ်ဟာဘာစီလိုနာ အသင်းခေါ်ယူဖို့ အလားအလာအရှိဆုံးအဖြစ် ရှိနေသေးတယ်လို့ သိရပါတယ်။
လာကာဇက်ကတော့ ၂၀၂၂ ဇွန်လ အထိသက်တမ်းရှိနေတာဖြစ်ပြီး
အူဘာမီယန်ကလည်း၂၀၂၁ ဇွန်လ
အထိ စာချုပ်ရှိနေပေမယ့် ဘာစီလို နာ အသင်းရဲ့ ပစ်မှတ်စာရင်းမှာ
ပါဝင်နေတာဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း ဘာစီလိုနာအသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ်
မှာ လာကာဇက်ရဲ့ကိုယ်ရေးအကျဉ်းကို မှားယွင်းဖော်ပြထားခဲ့တာကို
မြင်တွေ့ထားခဲ့ရတဲ့ အာဆင်နယ်ပရိသတ်တွေကတော့ သူတို့ အသင်းရဲ့ အဓိက တိုက်စစ်အတွဲပျက်သွားမှာကို စိုးရိမ်ခဲ့ကြရပါသေးတယ်။

အခုလို မှားယွင်းဖော်ပြခဲ့တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဘာစီလိုနာ အသင်းကတော့ သူတို့နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားတိုင်းရဲ့ အမည်တွေကို ဖော်ပြနေတာသာဖြစ်ပြီး URL မှားယွင်းထည့်သွင်းခဲ့မိတာဖြစ်လို့ တော့ဖြေရှင်းထားပါတယ်။
ဘာစီလိုနာအသင်းက အူဘာမီယန်နဲ့ လာကာဇက်တို့ဟာဘာစီလိုနာရဲ့ ရေဒါထဲမှာရှိနေတယ်လို့ MD သတင်းစာကဆိုထားပေမယ့် စပိန်
ဘောလုံး ကျွမ်းကျင်သူတဦးဖြစ်တဲ့ ဂီလန်ဘယ်လော့ဂ်ကတော့ ဒါတွေဟာကောလာဟလတွေသာဖြစ်တယ်လို့ဆိုပါတယ်။
အကယ်၍ ဘာစီလိုနာ အသင်းကလာကာဇက်ကို စိတ်မဝင်စားနေဘူး
ဆိုရင်တောင် အေတီကို အသင်းက ဂရစ်မန်းရဲ့ နေရာအတွက် သူ့ကို အစားထိုးဖွယ်ရှိနေတယ်လို့ AS ကဖော်ပြပါတယ်။
အေတီကို အသင်းဟာ အာဆင်နယ်
အသင်းကို လာကာဇက် မရောက်မီ ၂၀၁၇ခုနှစ်ကတည်းက ခေါ်ယူဖို့
လိုင်ယွန်နဲ့ သဘောတူညီထားခဲ့တာ
ဖြစ်ပေမယ့် ဖီဖာရဲ့ အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ်ကြောင့်သာ မခေါ်
ထားနိုင်ခဲ့တာဖြစ်ပါတယ်။
#B4ko