မန်ယူအသင်းရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘောလုံးကလပ်အသင်းဂုဏ်ထူးကို ရယူလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ဖော့ဘ်သတင်းဌာနမှ ထုတ်ပြန်ချက်အရ ရီးလ်မက်ဒရစ်အသင်းဟာမန်ယူအသင်းကိုကျော်ဖြတ်ပြီး တန်ဖိုးအမြင့်ဆုံးဘောလုံးအသင်းဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါင်၁.၄၁၆ ဘီလီယံအထိ တန်ကြေးရှိလာခဲ့ပြီး ဒုတိယနေရာက မန်ယူအသင်းကတော့ ပေါင် ၁.၂၆၆ဘီလီယံထိ တန်ကြေးရှိနေခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ အသင်းရဲ့ရလဒ်ပိုင်းဆိုးရွားမှုကြောင့် ပုံရိပ်ကျဆင်းခဲ့ရပြီး အသင်းတန်ဖိုးလည်း လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ လာမယ့်ရာသီမှာလည်း မန်ယူအသင်းဟာ ချန်ပီယံလိဒ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် တတိယနေရာမှာရှိတဲ့ ပေါင် ၁.၁၉၈ဘီလီယံ တန်ကြေးရှိ ဘာစီလိုနာအသင်းက ကျော်ဖြတ်သွားရာရှိနေပါတယ်။

ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဘောလုံးအသင်း ၇သင်းမှာ ပရီးမီးယားလိဒ်အသင်း ၄သင်းထိပါဝင်နေခဲ့တာလည်းဖြစ်ပါတယ်။
၁။ ရီးရဲလ်မက်ဒရစ် – ပေါင် ၁.၄၁၆ ဘီလီယံ
၂။ မန်ယူ – ပေါင် ၁.၂၆၆ ဘီလီယံ
၃။ ဘာစီလိုနာ – ပေါင် ၁.၁၉၈ ဘီလီယံ
၎။ ဘိုင်ယန်မြူးနစ် – ပေါင် ၁.၁၃ ဘီလီယံ
၅။ မန်စီးတီး – ပေါင် ၁.၀၇၉ ဘီလီယံ
၆။ လီဗာပူးလ် – ပေါင် ၁.၀၂၄ ဘီလီယံ
၇။ ချဲလ်ဆီး – ပေါင် ၈၃၂ မီလီယံ

#before kick-off

Leave a comment