သူရဲ့အနာဂါတ်အတွက် စဉ်းစားဖို့အချိန်လိုအပ်တယ်ဆိုတဲ့” ဒီလိုက်

အေဂျက်အသင်းနဲ့အတူ ယခုနှစ်ဘောလုံးရာသီမှာ တောက်ပခဲ့တဲ့ အသင်းခေါင်းဆောင် ဒီလိုက်ကို ဥရောပအသင်းကြီးတွေက အလိုရှိနေပါတယ်။ အသက် ၁၉နှစ်သာရှိသေးတဲ့ အသင်းခေါင်းဆောင်လေးကို ဘာစီလိုနာ၊ လီဗာပူးလ်၊ မန်ယူ ၊ ဂျူဗီ နဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေကခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။ ဒီလိုက်ဟာ နယ်သာလန်အမှတ်ပေးဖလားကို ပူပူနွေးနွေးရရှိထားသလို ချန်ပီယံလိဒ်မှာလည်း အေဂျက်အသင်းကို semi final ထိရောက်အောင် ဦးဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ဒီလိုက်အနေနဲ့ကတော့ “လောလောဆယ်ဘာမှမပြောနိုင်သေးပါဘူး၊ နွေရာသီအပြောင်းရွှေ့ကာလပြီးမှပဲ သိရပါလိမ့်မယ်” လို့သူ့ရဲ့ အနာဂါတ်နဲ့ပါတ်သတ်ပြီးပြောကြားလိုက်ပါတယ်။

“ကျွန်နော် ဆုဖလားတွေ၊ ယှဉ်ပြိုင်မှုတွေ၊ ချန်ပီယံလိဒ်ပြိုင်ပွဲတွေကို ကျွန်တော်နှစ်သက်ပါတယ် အထူးသဖြင့် အသင်းအဖွဲ့လိုက်စိတ်အားထက်သန်မှုကိုပေါ့”

#before kick-off

Leave a comment