
မန်ယူအသင်းဟာ ယခုနှစ်ရာသီမှာ ခြေစွမ်းဆိုးရွားခဲ့ပြီး ချန်ပီယံလိဒ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒီကျရှုံးမှုကြောင့်အသင်းရဲ့ ကစားသမားတွေဟာ ဝေဖန်မှုများစွာနဲ့ ကြုံတွေ့နေရပါတယ်။
အသက်၂၀သာရှိသေးတဲ့လီဗာပူးလ်းအသင်းရဲ့နောက်တန်းကစားသမား အလက်ဇန်းဒါးအားနိုးဟာ ယခုနှစ်ဘောလုံးရာသီပရီးမီးယားလိဒ်မှာ ဂိုးဖန်တီးမှု ၁၂ကြိမ်ထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဒ်သမိုင်းတစ်လျှောက် နောက်တန်းကစားသမားတွေထဲမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

တစ်နိုင်ငံတည်းသား မန်ယူကစားသမား လင်ဂတ်ကတော့ သူရဲ့၆နှစ်တာ ပရီးမီးယားလိဒ် သက်တမ်းတစ်လျှောက် ဂိုးဖန်တီးမှု ၁ဝကြိမ်သာပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လင်ဂတ်အနေနဲ့ အလက်ဇန်းဒါးအာနိုးထက် ပွဲပေါင်း ၄၄ပွဲပိုကစားထားတာလည်းဖြစ်ပါတယ်။
#before kick-off