လီဗာပူးလ်တိုက်စစ်မှူး ရော်ဘတ်တိုဖာမီနိုကိုခေါ်ယူဖို့ကြိုးစားနေတဲ့ PSG

PSG အသင်းဟာလာမယ့်ရာသီချန်ပီယံလိဒ်ပြိုင်ပွဲမှာ ဗိုလ်ဆွဲနိုင်ဖို့ တိုက်စစ်မှူးအသစ်ရှာပုံတော်ဖွင့်နေပါတယ်။ လီဗာပူးလ် တိုက်စစ်မှူး ဖာမီနိုကို ခေါ်ယူဖို့ကြိုးစားနေပြီး လီဗာပူးလ်အသင်းကလည်း ကစားသမားကို ရောင်းချဖို့အစီစဉ်မရှိကြောင်းနဲ့ PSG အသင်းရဲကမ်းလှမ်းမှုမှန်သမျှကို ပယ်ချသွားမယ်လို့ ထုတ်ပြန်ပြောကြားထားပါတယ်။

PSG အသင်းဟာ ချန်ပီယံလိဒ်ရဖို့အတွက် ကြိုးစားနေတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ နေမာ၊ အမ်ဘက်ပီ အစရှိတဲ့ ကစားသမားတွေကိုလည်း ငွေအမြောက်အမြားသုံးစွဲပြီးခေါ်ယူခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဒ်ဖလားနဲ့အလှမ်းဝေးနေဆဲဖြစ်တာကြောင့် တိုက်စစ်မှူးအသစ်တစ်ယောက်ခေါ်ယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။

#before kick-off

Leave a comment