အကယ်၍ ပရီးမီးယားလိဒ်မှာသာဆိုရင် မက်ဆီခြေစွမ်းပြနိုင်ပါ့မလား

ဘာစီလိုနာအသင်းဟာ ၂၀၁၈/၁၉ လာလီဂါဆုဖလားကို ရီရဲလ်မက်ဒရစ်အသင်းကို ၁၉မှတ်ဖြတ်ပြီး အရယူနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုမှာ မက်ဆီရဲ့ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကြောင့်လို့ ပြောလို့ရပါတယ်။ သူ့ရဲ လာလီဂါ စွမ်းဆောင်ရည်မှတ်တမ်းမှာ သွင်းဂိုး ၃၆ဂိုး၊ ဂိုးဖန်တီးမှု ၁၃ကြိမ် အစရှိသဖြင့် အချက်အလက် ၁၅မျိုးမှာ ၁၄မျိုးထိ No.1 ကစားသမားဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၈/၁၉ ပရီးမီးယားလိဒ်ကစားသမားတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ အချက်အလက်တော်တော်များများမှာ အသာစီးမရခဲ့ပါဘူး။

ယခုနှစ် လာလီဂါမှာ မက်ဆီဟာ ၃၆ဂိုးထိသွင်းယူနိုင်ခဲ့တာက လာလီဂါရွှေဖိနပ်ဆုအပြင် ဥရောပရွှေဖိနပ်ဆု အတွက်ပါ အခြေအနေကောင်းနေပါတယ်။ သူ့ရဲ့ လာလီဂါ ဂိုးဖန်တီးမှုက ပရီးမီးယားလိဒ်က ဟာဇက် (၁၅ကြိမ်)ထက် လျော့နည်းခဲ့သလို အခွင့်အရေးဖန်တီးပေးနိုင်မှုမှာလည်း လက်စတာကွင်းလယ်ကစားသမား မက်ဒီဆင် (အကြိမ် ၁၀၀)ထက်လျော့နည်းခဲ့ပါတယ်။

အပိုင်အခွင့်အရေးဖန်တီးပေးနိုင်မှုမှာတော့ မက်ဆီက ၃၄ကြိမ်နဲ့ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ တစ်ဖက်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာ ဘောလုံးပေးပို့မှုမှာတော့ ဟာဇက်က ၁၂၀၉ကြိမ်နဲ့ မက်ဆီထက်အသာရနေပါတယ်။ တခြားအချက်အလက်တွေကိုတော့ ပုံမှာ ဖော်ပြထားပါတယ်။

အချက်အလက်တွေအရ မက်ဆီတစ်ယောက် ပရီးမီးယားလိဒ်မှာဆိုရင် လာလီဂါမှာလိုမျိုး အချက်အလက်တွေ အားလုံးနီးပါးမှာ အသာစီးမရနိုင်လောက်တာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း သူ့လို ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်အနေနဲ့ ပရီးမီးယားလိဒ်မှာ ရုန်းကန်ရမလားဆိုတာကတော့….။ ဘယ်လိုထင်လဲ ပြောကြည့်ခဲ့ကြပါဦး။

#before kickoff

Leave a comment