လီယွန်နယ် မက်ဆီဟာ လိဒ်သွင်းဂိုး ၃၆ဂိုးနဲ့ သူ့ရဲ့ခြောက်ကြိမ်မြောက်ဥရောပရွှေဖိနပ်ဆုကို ရယူလိုက်ပါပြီ။ အနီးကပ်ဆုံးပြိုင်ဘက် အမ်ဘက်ပီကတော့ ပြင်သစ်လီဂူးနောက်ဆုံးပွဲစဉ်မှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ၃၃ဂိုးနဲ့ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဥရောပရွှေဖိနပ်ဆုအရေအတွက်မှာ မက်ဆီဟာ ရော်နယ်ဒိုကို ရွှေဖိနပ်နှစ်ခု အသာရပြီး နောက်ကောက်ချနိုင်ခဲ့ပါတယ်။
မက်ဆီအနေနဲ့ ဒီရွှေဖိနပ်ဆုကြောင့် ၁၉၆၇/၆၈ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံး ၃နှစ်ဆက်ရွှေဖိနပ်ဆုရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
ရွှေဖိနပ်ဆုနဲ့ပါတ်သက်ပြီးတော့ “ရွှေဖိနပ်ဆုအကြောင်း ကျွန်တော့ အတွေးထဲမှာတောင် မရှိပါဘူး၊ လီဗာပူးလ်နဲ့ပွဲက ဘာတွေဖြစ်ခဲ့လဲဆိုတာပဲ ခေါင်းထဲရှိနေပါတယ်” လို့BBC ကိုပြောသွားခဲ့ပါတယ်။