မန်စီးတီးအသင်းရဲ့ အဓိကဝါရင့်ကစားသမား ဒေးဗစ်ဆေးဗားဟာ ကာတာကလပ်အသင်း တစ်သင်းနဲ့ သဘောတူညီမှုရထားပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မန်စီးတီးအနေနဲ့တော့ အသင်းခေါင်းဆောင်ကွန်ပနီ အသင်းကနေထွက်ခွာခဲ့အပြီး အသင်းရဲ့အားထားရတဲ့ ကစားသမားနောက်တစ်ဦးကို ဆုံးရှုံးလိုက်ရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။
The Sun ရဲ့ဖော်ပြချက်အရ အကယ်၍ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ်ဆိုရင် ဒေးဗစ်ဆေးဗားအနေနဲ့ အဆိုပါကာတာကလပ်မှာ ပေါင် ၁၂သန်းဝန်ကျင် ရရှိမယ်လို့ ဆိုပါတယ်။
အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဆေးဗားဟာ မန်စီးတီးအသင်းအတွက် ၂၈၄ပွဲကစား သွင်းဂိုး ၅၄ဂိုး၊ ဂိုးဖန်တီးမှု ၉၃ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဒေးဗစ်ဆေးဗားဟာ မန်စီးတီးအသင်း ပရီးမီးယားလိဒ်ဖလား ၄ကြိမ်၊ FA ဖလား ၂ကြိမ်၊ လိဒ်ဖလား ၄ကြိမ် ရရှိခဲ့ရမှာ အဓိကကျတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။