ဘာနေဗျူးကွင်းကြီးထဲမှာ ဟာဇက်ကို မိတ်ဆက်ပွဲပြုလုပ်ပေးတော့မယ့် ရီးရဲလ်မက်ဒရစ်

ဇွန်လ ၃ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းက ပြောင်းရွှေ့လာမယ့် အီဒင်ဟာဇက်ကို ဘာနေဗျူးကွင်းကြီးထဲမှာ အသင်းပရိတ်သတ်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်ပေးသွားဖို့ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာဇက်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၁၅သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တစ်ပါတ်လုပ်ခလစာ ပေါင် ၄ သိန်းပေးချေရမှာလည်းဖြစ်ပါတယ်။

အသင်းက ထွက်ခွာသွားတဲ့ တိုက်စစ်မှူးရိုနယ်ဒို နေရာမှ အစားထိုးဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းအတွက် မှန်ကန်တဲ့ ခေါ်ယူမှုဖြစ်လာမလားစောင့်ကြည့်ရမှာပါ။

အသက် ၂၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၁၉ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၆ကြိမ်ထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Leave a comment