ဆွာရက်ဇ်ဦးဆောင်နေတဲ့ အားကစားလောကရဲ့ လူမုန်းအခံရဆုံး လူဆိုးကြီး (၁၀)ဦး

နာမည်ကျော်အားကစားရုပ်သံလိုင်းတခုဖြစ်တဲ့ ESPN ကနေ ပရိသတ်တွေကို ရွေးချယ်ခိုင်းခဲ့တဲ့ အားကစားသမား ရဲ့ လူမုန်းအခံရဆုံး ကစားသမားဆယ်ဦးစာရင်းမှာတော့ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ဦးဆောင်သွားခဲ့ပါတယ်။

ဒီဥရုဂွေးသားကြီးဟာနိုင်ငံအသင်းမှာသာမကပဲ ပရီးမီးယားလိဂ်နဲ့ လာလီဂါမှာပါ တိုက်စစ်မှူးကောင်းတဦးဖြစ်တယ်ဆိုတာကို ပြသထားခဲ့ပေမယ့် သူ့ရဲ့ အမူအကျင့်ဆိုးတွေကြောင့် ဗီလိန်ဖြစ်

နေခဲ့တာဖြစ်ပါတယ်။

အထင်ရှားဆုံးကတော့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အီတလီ ကစားသမား ချီလီနီ

ရဲ့ ပုခုံးကို ကိုက်ခဲ့တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ဒီလုပ်ရပ်ကြောင့် နိုင်ငံတကာပွဲ ၉ ပွဲ

ပယ်ပြစ်ဒဏ်ချမှတ်ခံရပြီး အားကစား

လောကနဲ့ ၄လ မပတ်သတ်ဖို့ ပါအမိန့်ချခံခဲ့ရတာဖြစ်ပါတယ်။

ဂါနာအသင်းနဲ့ ပွဲမှာ ဘောလုံးကို လက်နဲ့

ပုတ်ခဲ့တဲ့ လုပ်ရပ် အခြားကစားသမား

တွေကို ကိုက်ခဲ့တဲ့ လုပ်ရပ်တွေ ကြောင့်

လည်း အခုလို လူမုန်းများနေခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့နောက်မှာတော့ နယူးကာဆယ် အသင်းရဲ့ ကစားသမားဟောင်းတဦးဖြစ်ပြီး အသင်းဖော်တွေကိုတောင် ပြသနာ

ရှာတတ်တဲ့ ဘာတန်က ဒုတိယလူမုန်းအခံရဆုံးအဖြစ်ရှိနေပါတယ်။

တတိယ

နေရာ လက်ဝှေ့အကျော်အမော်ဟောင်း

တဦးဖြစ်တဲ့ မိုက်တန်ဆန် ကရှိနေပါတယ်။

စတုတ္ထနေရာနဲ့ပဉ္စမနေရာတွေမှာမှာတော့ မော်ရင်ဟိုနဲ့ ဒီယေဂိုကော်စတာတို့

ဆရာ တပည့်ကရှိနေပါတယ်။မော်ရင်ဟို ဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တဦးဖြစ်ပေမယ့် သူ့ရဲ့ လေလုံး

ထွားမှုတွေ ကန့်လန့်တိုက်ပြောစကား

တွေကြောင့် လူမုန်းများနေတာဖြစ်ပါတယ်။

ကော်စတာကလည်း သူ့ရဲ့ အသင်းနဲ့ ပရိသတ်တွေအတွက် သူရဲကောင်းဆန်ဆန်

ကြိုးစားအားထုတ်ပေးရာမှာ ပြိုင်ဘက်

အသင်းနဲ့ ပရိသတ်တွေအတွက် ဗီလိန်ဆန် သွားတဲ့ လုပ်ရပ်တွေကို မကြာခဏကျူးလွန်လေ့ရှိတာဖြစ်ပါတယ်။

ဆဌမနေရာမှာတော့ လက်ဝှေ့ကစား

သမား တဦးဖြစ်တဲ့ မေဝဲလ်သာက ရှိနေပါတယ်။

သူ့ရဲ့ နောက်မှာတော့ ရီးရဲလ် ခံစစ်မှူးရာမို့စ်က ရှိနေပါတယ်။စပိန် အသင်းရဲ့

နိုင်ပွဲအများဆုံး ကစားသမားဖြစ်တဲ့ရာ

မို့စ်ဟာတခါတရံမှာ ပြိုင်ဘက် အသင်း

ရဲ့ အကောင်းဆုံးတွေကို ပြစ်ဒဏ်ကျူး

လွန်လေ့ရှိပြီး ၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဆာလတ်ကို သူလုပ်ခဲ့တဲ့ လုပ်ရပ်

ကြောင့် လည်း အတော်လေး လူမုန်းများ

ခဲ့တာဖြစ်ပါတယ်။

အဋ္ဌမနေရာမှာတော့ သြစတြေးလျ ခရစ်ကတ်သား ဒေးဗစ်ဝါနာ ရှိနေပြီး နောက်ဆုံး နှစ်နေရာကိုတော့ မာရာဒိုနာနဲရွိုင်းကိန်းတို့က ရရှိသွားခဲ့ပါတယ်။

အာဂျင်တီးနား ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး တဦးဖြစ်တဲ့ မာရာဒိုနာ ဟာ အသံ

ကြောင့်ဖားသေဆိုသလို မပြောသင့်တဲ့

စကားအချို့ ကြောင့် လူမုန်းခံနေရတာ

ဖြစ်ပြီး ရွိုင်ကိန်းက လည်း ပြိုင်ဘက်

အသင်းတွေအပေါ် သူ့ရဲ့ ကျူးလွန်မှု အချို့ လူမှုရေးပြသနာအချို့ကြောင့်လူအများရဲ့ အမုန်းခံနေရတာဖြစ်ပါတယ်။

#Before kick-off

Leave a comment