အသက္(၂၁)ႏွစ္သာရွိေသးတဲ့ လီဗာပူးလ္ေနာက္တန္းအစြန္လူ အလက္ဇန္းဒါးအာႏိုးဟာ အသင္းရဲ႕လူငယ္ကစားသမားေတြကိုကူညီဖို႔ သူ႔မွာတာဝန္ရွိတယ္လို႔ ခံစားေနရေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အာႏိုးက လီဗာပူးလ္အသင္းရဲ႕ ေနာက္မ်ိဳးဆက္သစ္ေတြအတြက္ အကယ္ဒမီရဲ႕ အဆင့္အတန္းကိုျမႇင့္တင္ၿပီး ပါဝင္လုပ္ေဆာင္သြားဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။
အာႏိုးဟာ ၿပီးခဲ့တဲ့ ၃ႏွစ္အတြင္း ပရီးမီးယားလိဒ္မွာ ပံုမွန္ပြဲထြက္ခြင့္ရရွိခဲ့သလို ႏိုင္ငံလက္ေရြးစင္အသင္းမွာလည္း ေရြးခ်ယ္ခံခဲ့ရပါတယ္။ ေအာင္ျမင္မႈအျဖစ္ ခ်န္ပီယံလိဒ္ဖလားကို ၂ႏွစ္ဆက္ ဗိုလ္လုပြဲတက္ခဲ့ၿပီး ဒုတိယတစ္ႀကိမ္မွာဆုဖလားကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။
အာႏိုးရဲ႕လ်င္ျမန္စြာတိုးတက္လာမႈက ဘ႐ူးစတား၊ ဟယ္ရီဝယ္ဆန္တို႔လို လူငယ္ကစားသမားေတြအတြက္ ကေလာ့ပ္လက္ေအာက္မွာ အခြင့္အေရးရဖို႔ ေမွ်ာ္လင့္ခ်က္မ်ားစြာရွိေနပါတယ္။ လီဗာပူးလ္အသင္း ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ႀကီးျကီးမားမားေခၚယူမႈ မျပဳလုပ္ထားေသးတာကလည္း လူငယ္ကစားသမားေတြအတြက္ အခြင့္အလမ္းတစ္ရပ္ပါပဲ။
“ကြ်န္ေတာ္ လူငယ္ကစားသမားေတြအတြက္ တာဝန္ရွိေနတယ္လို႔ ကိုယ့္ကိုယ္ကို နားလည္ထားပါတယ္”
“ကြ်န္ေတာ္သူတို႔အတြက္ရွိေနတယ္ဆိုတာအတြက္ ႀကိဳးစားေနပါတယ္၊ သူ႔တို႔ကြ်န္ေတာ့္ကိုလာၿပီး ေျပာဆိုေဆြးေႏြးႏိုင္တယ္ဆိုတာလည္း သူတို႔သိဖို႔အတြက္ေပါ့” လို႔ အာႏိုးကေျပာသြားခဲ့ပါတယ္။
မနက္ျဖန္ကစားမယ့္ မန္စီးတီးနဲ႔ ကြန္ျမဴနတီဒိုင္းပြဲစဥ္ဟာ ပြဲေကာင္းတစ္ပြဲျဖစ္ေၾကာင္း မန္စီးတီးအသင္းဟာလည္း ကမ႓ာ့အေကာင္းဆံုးအသင္းေတြထဲက တစ္သင္းျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။
#Unicode
အသက်(၂၁)နှစ်သာရှိသေးတဲ့ လီဗာပူးလ်နောက်တန်းအစွန်လူ အလက်ဇန်းဒါးအာနိုးဟာ အသင်းရဲ့လူငယ်ကစားသမားတွေကိုကူညီဖို့ သူ့မှာတာဝန်ရှိတယ်လို့ ခံစားနေရကြောင်း ပြောကြားခဲ့ပါတယ်။ အာနိုးက လီဗာပူးလ်အသင်းရဲ့ နောက်မျိုးဆက်သစ်တွေအတွက် အကယ်ဒမီရဲ့ အဆင့်အတန်းကိုမြှင့်တင်ပြီး ပါဝင်လုပ်ဆောင်သွားဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
အာနိုးဟာ ပြီးခဲ့တဲ့ ၃နှစ်အတွင်း ပရီးမီးယားလိဒ်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သလို နိုင်ငံလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။ အောင်မြင်မှုအဖြစ် ချန်ပီယံလိဒ်ဖလားကို ၂နှစ်ဆက် ဗိုလ်လုပွဲတက်ခဲ့ပြီး ဒုတိယတစ်ကြိမ်မှာဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အာနိုးရဲ့လျင်မြန်စွာတိုးတက်လာမှုက ဘရူးစတား၊ ဟယ်ရီဝယ်ဆန်တို့လို လူငယ်ကစားသမားတွေအတွက် ကလော့ပ်လက်အောက်မှာ အခွင့်အရေးရဖို့ မျှော်လင့်ချက်များစွာရှိနေပါတယ်။ လီဗာပူးလ်အသင်း ဒီနွေရာသီအပြောင်းအရွှေ့မှာ ကြီးကြီးမားမားခေါ်ယူမှု မပြုလုပ်ထားသေးတာကလည်း လူငယ်ကစားသမားတွေအတွက် အခွင့်အလမ်းတစ်ရပ်ပါပဲ။
“ကျွန်တော် လူငယ်ကစားသမားတွေအတွက် တာဝန်ရှိနေတယ်လို့ ကိုယ့်ကိုယ်ကို နားလည်ထားပါတယ်”
“ကျွန်တော်သူတို့အတွက်ရှိနေတယ်ဆိုတာအတွက် ကြိုးစားနေပါတယ်၊ သူ့တို့ကျွန်တော့်ကိုလာပြီး ပြောဆိုဆွေးနွေးနိုင်တယ်ဆိုတာလည်း သူတို့သိဖို့အတွက်ပေါ့” လို့ အာနိုးကပြောသွားခဲ့ပါတယ်။
မနက်ဖြန်ကစားမယ့် မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ဟာ ပွဲကောင်းတစ်ပွဲဖြစ်ကြောင်း မန်စီးတီးအသင်းဟာလည်း ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။