ၿပီးခဲ့တဲ့ရာသီမွာ ပရီးမီးယားလိဒ္ဖလားကို အႀကိတ္အနယ္ လုခဲ့ရတဲ့ မန္စီးတီးအသင္းနဲ႔ လီဗာပူးလ္အသင္းႏွစ္သင္းပဲ လာမယ့္ ၂၀၁၉/၂၀ေဘာလံုးရာသီမွာ ဆုဖလားကို ထပ္လုသြားရဖို႔ရွိတယ္လို႔ လီဗာပူးလ္ဂႏၲဝင္ ဂရယ္မီေဆာင္းနက္က ယံုၾကည္ေနပါတယ္။
ဂြာဒီယိုလာဟာ မန္စီးတီးနဲ႔ဒုတိယေျမာက္ရာသီမွာ သူ႔ရဲ႕ ဒုတိယေျမာက္ ပရီးမီးယားလိဒ္ဖလားကို လီဗာပူးလ္အသင္းထက္တစ္မွတ္အသာ ရမွတ္(၉၈)မွတ္နဲ႔ ရယူႏိုင္ခဲ့ပါတယ္။
လီဗာပူးလ္အသင္းကလည္း အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္စံခ်ိန္တင္ရမွတ္ရရွိခဲ့သလို ပရီးမီးယားလိဒ္သမိုင္းတစ္ေလွ်ာက္ ဗိုလ္မစြဲခဲ့တဲ့ အသင္းေတြထဲ အမွတ္အမ်ားဆံုးရရွိခဲ့တဲ့ အသင္းအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ ခ်န္ပီယံလိဒ္ဖလားကိုလည္းရရွိခဲ့ၿပီး ပရီးမီးယားလိဒ္မွာလည္း ရံႈးပြဲတစ္ပြဲသာၾကဳံေတြ႕ခဲ့ပါတယ္။
ဒုတိယေနရာက လီဗာပူးလ္နဲ႔ တတိယေနရာက ခ်ဲလ္ဆီးဟာ ၂၇မွတ္ထိ ကြားျခားခ်က္ရွိခဲ့တာကလည္း မန္စီးတီးနဲ႔ လီဗာပူးလ္ အသင္း၂သင္းတည္း ခ်န္ပီယံဆုအတြက္ၿပိဳင္ဆိုင္ေနေၾကာင္းေပၚလြင္ေနပါတယ္။

“ၿပီးခဲ့တဲ့ရာသီမွာ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ဟာ တျခားအသင္းေတြထက္ ေခါင္းတစ္လံုးသာတဲ့စြမ္းေဆာင္ရည္မ်ိဳးျပခဲ့ၾကပါတယ္”
“မန္ယူအသင္းက ခံစစ္ပိုင္းကလြဲရင္ေတာင့္တင္းၿပီးသားပါ။ ဟယ္ရီမက္ဂြိဳင္းဟာ ဗန္ဒိုက္လိုလုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔ မန္ယူအသင္းအတြက္ ေမွ်ာ္လင့္ပါတယ္”
“စပါးကေတာ့ ေငြေတြအမ်ားႀကီးသံုးခဲ့သလို ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ခ်န္ပီယံဆုကို ၿခိမ္းေျခာက္ႏိုင္ခဲ့သလိုမ်ိဳး လုပ္ျပႏိုင္ဖို႔လိုအပ္တယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္”
“အာဆင္နယ္ကေတာ့ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔မျမင္မိပါဘူး၊ ခ်ဲလ္ဆီးကလည္း ခက္ခဲတဲ့ေဘာလံုးရာသီတစ္ခုကို ျဖတ္သန္းသြားရႏိုင္ပါတယ္ ဘာေၾကာင့္လဲဆိုေတာ့ လြန္ခဲ့တဲ့ ၆ႏွစ္ ၇ႏွစ္အတြင္း အေကာင္းဆံုးပရီးမီးယားလိဒ္ကစားသမားတစ္ေယာက္(ဟာဇက္)ကို ဆံုးရႈံးထားရလို႔ပါ”
“ကြ်န္ေတာ္ အသင္းႀကီးႏွစ္သင္းပဲျမင္ပါတယ္၊ အနီးကပ္ဆံုး အျဖစ္ စပါးရွိေနႏိုင္ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ကေတာ့ သူတို႔သာ အရွိန္အဟုန္တစ္ခုရခဲ့မယ္ဆိုရင္ သူတို႔ကိုရပ္တန္႔ႏိုင္ဖို႔လိုပါတယ္၊ ဘာလို႔လဲဆို သူတို႔ဟာ ထူးကဲတဲ့အသင္းတစ္သင္းျဖစ္တာရယ္ သူတို႔အေနာက္မွာ အားေပးမႈေတြရွိေနတာရယ္ကို ခင္ဗ်ားတို႔လက္ခံရပါမယ္” လို႔ ေဆာင္းနက္က ေျပာဆိုသြားခဲ့ပါတယ္။
လီဗာပူးလ္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ ဒီေန႔ည (၈:၃၀)မွာ ကြန္ျမဴနတီဒိုင္းဗိုလ္လုပြဲကို ကစားသြားဖို႔ရွိေနပါတယ္။
#Unicode
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဒ်ဖလားကို အကြိတ်အနယ် လုခဲ့ရတဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းနှစ်သင်းပဲ လာမယ့် ၂၀၁၉/၂၀ဘောလုံးရာသီမှာ ဆုဖလားကို ထပ်လုသွားရဖို့ရှိတယ်လို့ လီဗာပူးလ်ဂန္တဝင် ဂရယ်မီဆောင်းနက်က ယုံကြည်နေပါတယ်။
ဂွာဒီယိုလာဟာ မန်စီးတီးနဲ့ဒုတိယမြောက်ရာသီမှာ သူ့ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဒ်ဖလားကို လီဗာပူးလ်အသင်းထက်တစ်မှတ်အသာ ရမှတ်(၉၈)မှတ်နဲ့ ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းကလည်း အသင်းရဲ့သမိုင်းတစ်လျှောက်စံချိန်တင်ရမှတ်ရရှိခဲ့သလို ပရီးမီးယားလိဒ်သမိုင်းတစ်လျှောက် ဗိုလ်မစွဲခဲ့တဲ့ အသင်းတွေထဲ အမှတ်အများဆုံးရရှိခဲ့တဲ့ အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံလိဒ်ဖလားကိုလည်းရရှိခဲ့ပြီး ပရီးမီးယားလိဒ်မှာလည်း ရှုံးပွဲတစ်ပွဲသာကြုံတွေ့ခဲ့ပါတယ်။
ဒုတိယနေရာက လီဗာပူးလ်နဲ့ တတိယနေရာက ချဲလ်ဆီးဟာ ၂၇မှတ်ထိ ကွားခြားချက်ရှိခဲ့တာကလည်း မန်စီးတီးနဲ့ လီဗာပူးလ် အသင်း၂သင်းတည်း ချန်ပီယံဆုအတွက်ပြိုင်ဆိုင်နေကြောင်းပေါ်လွင်နေပါတယ်။
“ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ တခြားအသင်းတွေထက် ခေါင်းတစ်လုံးသာတဲ့စွမ်းဆောင်ရည်မျိုးပြခဲ့ကြပါတယ်”
“မန်ယူအသင်းက ခံစစ်ပိုင်းကလွဲရင်တောင့်တင်းပြီးသားပါ။ ဟယ်ရီမက်ဂွိုင်းဟာ ဗန်ဒိုက်လိုလုပ်ဆောင်နိုင်လိမ့်မယ်လို့ မန်ယူအသင်းအတွက် မျှော်လင့်ပါတယ်”
“စပါးကတော့ ငွေတွေအများကြီးသုံးခဲ့သလို ပြီးခဲ့တဲ့နှစ်တွေအတွင်း ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်ခဲ့သလိုမျိုး လုပ်ပြနိုင်ဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်”
“အာဆင်နယ်ကတော့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့မမြင်မိပါဘူး၊ ချဲလ်ဆီးကလည်း ခက်ခဲတဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းသွားရနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်အတွင်း အကောင်းဆုံးပရီးမီးယားလိဒ်ကစားသမားတစ်ယောက်(ဟာဇက်)ကို ဆုံးရှုံးထားရလို့ပါ”
“ကျွန်တော် အသင်းကြီးနှစ်သင်းပဲမြင်ပါတယ်၊ အနီးကပ်ဆုံး အဖြစ် စပါးရှိနေနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ သူတို့သာ အရှိန်အဟုန်တစ်ခုရခဲ့မယ်ဆိုရင် သူတို့ကိုရပ်တန့်နိုင်ဖို့လိုပါတယ်၊ ဘာလို့လဲဆို သူတို့ဟာ ထူးကဲတဲ့အသင်းတစ်သင်းဖြစ်တာရယ် သူတို့အနောက်မှာ အားပေးမှုတွေရှိနေတာရယ်ကို ခင်ဗျားတို့လက်ခံရပါမယ်” လို့ ဆောင်းနက်က ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ဒီနေ့ည (၈:၃၀)မှာ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲကို ကစားသွားဖို့ရှိနေပါတယ်။