လီဝန်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူအသင်း

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ တိုက်စစ်မှူးပြဿနာကြုံတွေ့နေရတဲ့ မန်ယူအသင်းဟာ လီဝန်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ယခုနှစ်ရာသီပရီးမီးယားလိဒ်မှာ သွင်းဂိုးအများဆုံးက ကွင်းလယ်ကစားသမား ပေါ့ဘာဖြစ်ပြီး ၁၃ဂိုးသွင်းယူထားပါတယ်။ အသက်၃၀ ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးကတော့ ယခုရာသီလိဒ်ဂိုး ၂၂ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အဆိုပါတိုက်စစ်မှူးဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၁မှာ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးရှားကတော့ အသင်းရဲ့တိုက်စစ်အတွက် လီဝန်ဒေါစကီးကို အားဖြည့်ခေါ်ယူဖွယ်ရာရှိနေပါတယ်။ #before kick-off

လီဗာပူးလ်တိုက်စစ်မှူး ရော်ဘတ်တိုဖာမီနိုကိုခေါ်ယူဖို့ကြိုးစားနေတဲ့ PSG

PSG အသင်းဟာလာမယ့်ရာသီချန်ပီယံလိဒ်ပြိုင်ပွဲမှာ ဗိုလ်ဆွဲနိုင်ဖို့ တိုက်စစ်မှူးအသစ်ရှာပုံတော်ဖွင့်နေပါတယ်။ လီဗာပူးလ် တိုက်စစ်မှူး ဖာမီနိုကို ခေါ်ယူဖို့ကြိုးစားနေပြီး လီဗာပူးလ်အသင်းကလည်း ကစားသမားကို ရောင်းချဖို့အစီစဉ်မရှိကြောင်းနဲ့ PSG အသင်းရဲကမ်းလှမ်းမှုမှန်သမျှကို ပယ်ချသွားမယ်လို့ ထုတ်ပြန်ပြောကြားထားပါတယ်။ PSG အသင်းဟာ ချန်ပီယံလိဒ်ရဖို့အတွက် ကြိုးစားနေတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ နေမာ၊ အမ်ဘက်ပီ အစရှိတဲ့ ကစားသမားတွေကိုလည်း ငွေအမြောက်အမြားသုံးစွဲပြီးခေါ်ယူခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဒ်ဖလားနဲ့အလှမ်းဝေးနေဆဲဖြစ်တာကြောင့် တိုက်စစ်မှူးအသစ်တစ်ယောက်ခေါ်ယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ #before kick-off

မန်ယူအသင်းရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘောလုံးကလပ်အသင်းဂုဏ်ထူးကို ရယူလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ဖော့ဘ်သတင်းဌာနမှ ထုတ်ပြန်ချက်အရ ရီးလ်မက်ဒရစ်အသင်းဟာမန်ယူအသင်းကိုကျော်ဖြတ်ပြီး တန်ဖိုးအမြင့်ဆုံးဘောလုံးအသင်းဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပေါင်၁.၄၁၆ ဘီလီယံအထိ တန်ကြေးရှိလာခဲ့ပြီး ဒုတိယနေရာက မန်ယူအသင်းကတော့ ပေါင် ၁.၂၆၆ဘီလီယံထိ တန်ကြေးရှိနေခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ အသင်းရဲ့ရလဒ်ပိုင်းဆိုးရွားမှုကြောင့် ပုံရိပ်ကျဆင်းခဲ့ရပြီး အသင်းတန်ဖိုးလည်း လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ လာမယ့်ရာသီမှာလည်း မန်ယူအသင်းဟာ ချန်ပီယံလိဒ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် တတိယနေရာမှာရှိတဲ့ ပေါင် ၁.၁၉၈ဘီလီယံ တန်ကြေးရှိ ဘာစီလိုနာအသင်းက ကျော်ဖြတ်သွားရာရှိနေပါတယ်။ ကမ္ဘာ့တန်ကြေးအမြင့်ဆုံးဘောလုံးအသင်း ၇သင်းမှာ ပရီးမီးယားလိဒ်အသင်း ၄သင်းထိပါဝင်နေခဲ့တာလည်းဖြစ်ပါတယ်။ ၁။ ရီးရဲလ်မက်ဒရစ် - ပေါင် ၁.၄၁၆ ဘီလီယံ ၂။ မန်ယူ - ပေါင် ၁.၂၆၆ ဘီလီယံ ၃။ ဘာစီလိုနာ - ပေါင် ၁.၁၉၈ ဘီလီယံ ၄။ ဘိုင်ယန်မြူးနစ် - ပေါင် ၁.၁၃ … Continue reading မန်ယူအသင်းရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘောလုံးကလပ်အသင်းဂုဏ်ထူးကို ရယူလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

သူရဲ့အနာဂါတ်အတွက် စဉ်းစားဖို့အချိန်လိုအပ်တယ်ဆိုတဲ့” ဒီလိုက်

အေဂျက်အသင်းနဲ့အတူ ယခုနှစ်ဘောလုံးရာသီမှာ တောက်ပခဲ့တဲ့ အသင်းခေါင်းဆောင် ဒီလိုက်ကို ဥရောပအသင်းကြီးတွေက အလိုရှိနေပါတယ်။ အသက် ၁၉နှစ်သာရှိသေးတဲ့ အသင်းခေါင်းဆောင်လေးကို ဘာစီလိုနာ၊ လီဗာပူးလ်၊ မန်ယူ ၊ ဂျူဗီ နဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေကခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။ ဒီလိုက်ဟာ နယ်သာလန်အမှတ်ပေးဖလားကို ပူပူနွေးနွေးရရှိထားသလို ချန်ပီယံလိဒ်မှာလည်း အေဂျက်အသင်းကို semi final ထိရောက်အောင် ဦးဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒီလိုက်အနေနဲ့ကတော့ "လောလောဆယ်ဘာမှမပြောနိုင်သေးပါဘူး၊ နွေရာသီအပြောင်းရွှေ့ကာလပြီးမှပဲ သိရပါလိမ့်မယ်" လို့သူ့ရဲ့ အနာဂါတ်နဲ့ပါတ်သတ်ပြီးပြောကြားလိုက်ပါတယ်။ "ကျွန်နော် ဆုဖလားတွေ၊ ယှဉ်ပြိုင်မှုတွေ၊ ချန်ပီယံလိဒ်ပြိုင်ပွဲတွေကို ကျွန်တော်နှစ်သက်ပါတယ် အထူးသဖြင့် အသင်းအဖွဲ့လိုက်စိတ်အားထက်သန်မှုကိုပေါ့" #before kick-off

စပိန်ထိပ်သီး၂သင်းရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ #လာကာဇက်

ဘာစီလိုနာ အသင်းဟာ အေတီကို တိုက်စစ်မှူး ဂရစ်မန်းကို ခေါ်ယူနိုင်ခြင်းမရှိပါက ယူနိုက်တက် ကြယ်ပွင့်လေး ရတ်ဖို့ဒ်နဲ့ အာဆင်နယ်တိုက်စစ် အတွဲဖြစ်တဲ့ အူဘာမီယန်နဲ့ လာကာဇက်တို့ကို မျက်စိကျနေတာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ အေတီကိုအသင်းကို စွန့်ခွာတော့မယ့် ဂရစ်မန်းကို ကာလရှည်ပစ်မှတ်ထားနေခဲ့တာဖြစ်ပေမယ့် ဒီပြင်သစ်သားကို PSG နဲ့ မန်စီးတီး အသင်းတွေကပါ ချိတ်ဆက်နေတာဖြစ်လို့ ခေါ်ယူနိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။ Mundo Deportivo သတင်းစာရဲ့ အဆိုအရ ၂၀၂၀ ရာသီကုန်မှာယူနိုက်တက် အသင်းနဲ့ စာချုပ်ပြည့်မြောက်ဖို့ ရှိနေတဲ့ ရတ်ဖို့ဒ်ဟာဘာစီလိုနာ အသင်းခေါ်ယူဖို့ အလားအလာအရှိဆုံးအဖြစ် ရှိနေသေးတယ်လို့ သိရပါတယ်။ လာကာဇက်ကတော့ ၂၀၂၂ ဇွန်လ အထိသက်တမ်းရှိနေတာဖြစ်ပြီး အူဘာမီယန်ကလည်း၂၀၂၁ ဇွန်လ အထိ စာချုပ်ရှိနေပေမယ့် ဘာစီလို နာ အသင်းရဲ့ ပစ်မှတ်စာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း … Continue reading စပိန်ထိပ်သီး၂သင်းရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ #လာကာဇက်

လူငယ်ကစားသမားအလက်ဇန်းဒါးအားနိုးရဲ့ဒီနှစ်ရာသီဂိုးဖန်တီးမှုက လင်ဂတ်ရဲ့ EPL သက်တမ်းတစ်လျှောက် ဂိုးဖန်တီးမှုထက်ပိုများနေ

မန်ယူအသင်းဟာ ယခုနှစ်ရာသီမှာ ခြေစွမ်းဆိုးရွားခဲ့ပြီး ချန်ပီယံလိဒ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒီကျရှုံးမှုကြောင့်အသင်းရဲ့ ကစားသမားတွေဟာ ဝေဖန်မှုများစွာနဲ့ ကြုံတွေ့နေရပါတယ်။ အသက်၂၀သာရှိသေးတဲ့လီဗာပူးလ်းအသင်းရဲ့နောက်တန်းကစားသမား အလက်ဇန်းဒါးအားနိုးဟာ ယခုနှစ်ဘောလုံးရာသီပရီးမီးယားလိဒ်မှာ ဂိုးဖန်တီးမှု ၁၂ကြိမ်ထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဒ်သမိုင်းတစ်လျှောက် နောက်တန်းကစားသမားတွေထဲမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ တစ်နိုင်ငံတည်းသား မန်ယူကစားသမား လင်ဂတ်ကတော့ သူရဲ့၆နှစ်တာ ပရီးမီးယားလိဒ် သက်တမ်းတစ်လျှောက် ဂိုးဖန်တီးမှု ၁ဝကြိမ်သာပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လင်ဂတ်အနေနဲ့ အလက်ဇန်းဒါးအာနိုးထက် ပွဲပေါင်း ၄၄ပွဲပိုကစားထားတာလည်းဖြစ်ပါတယ်။ #before kick-off

ဘောလုံးကစားသမားဘဝမှ အနားယူလိုက်တဲ့ ကားဆီးလတ်

အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ စပိန်ဂိုးသမားကြီး ကားစီးလတ်ဟာ ပြီးခဲ့တဲ့ လပိုင်းကပေါ်တိုအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ heart attack ဝေဒနာခံစားခဲ့ရပြီးနောက်မှာတော့ ဘောလုံးကစားသမားအဖြစ်ကနေ အနားယူကြောင်းကြေညာလိုက်ပါတယ်။ စပိန်လပ်ရွေးစင်အသင်းမှာ ၁၆၇ပွဲနဲ့ ပွဲအများဆုံးကစားသမားဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလား၊ ဥရောပဖလားတွေ ရယူထားသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်းအောင်မြင်မှုများစွာရခဲ့တဲ့ ကားစီးလတ်ဟာ ပေါ်တိုအသင်းမှာ ၄နှစ်ကြာကစားခဲ့ပြီးနောက်မှာတော့ ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့တာဖြစ်ပါတယ်။ #Before kick off

ပရီးမီးယားလိဒ် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့ ဂွါဒီယိုလာ

မန်စီးတီးအသင်းကို ၂ရာသီဆက် ပရီးမီးယားလိဒ်ရယူပေးနိုင်ခဲ့တဲ့ နည်းပြဂွါဒီယိုလာဟာ ပရီးမီးယားလိဒ်တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။ ယခုနှစ်ရာသီမှာ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်ခဲ့ ပြီး ဂွာဒီယိုလာရဲ့ မန်းစီးတီးအသင်းက လီဗာပူးလ်အသင်းထက် တစ်မှတ်အသာနဲ့ ဗိုလ်ဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ၃၂နိုင်၊ ၂ပွဲသရေ ရမှတ် ၉၈မှတ်ထိ ရရှိခဲ့ကာ ပြီးခဲ့တဲ့ရာသီမှာတင်ရှိခဲ့တဲ့စံချိန်တင်ရမှတ် ၁၀၀ထက် ၂မှတ်သာလျော့နည်းခဲ့ပါတယ်။ "ဒီဆုကိုကျွန်တော့်ရဲ့ကစားသမားတွေနဲ့မျှဝေချင်ပါတယ်၊ သူတို့ဟာ ဒီအရာတွေအားလုံးရဲ့ဖန်တီးရှင်တွေဖြစ်ပါတယ်၊ မန်နေဂျာတွေအားလုံးနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရပါတယ် အထူးသဖြင့်တော့ ယာဂင်ကလော့ပါပဲ" "အဲ့သလို ယှဉ်ပြိုင်တိုက်ခိုက်နေရတာက ကောင်းပါတယ်၊ နောက်ထပ် ကြီးမားတဲ့ပြိုင်ဆိုင်မှုတွေပြုလုပ်ပြီး ဆုဖလားတွေ ရယူချင်ပါသေးတယ်" လို့ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။ #Before kick-off