ရီးရဲမက်ဒရစ်အသင်း နောက်ခံလူ မာဆယ်လိုဟာ ဘရာဇီးအသင်းရဲ့ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲလူစာရင်းမှာ အံ့အားသင့်ဖွယ် မပါဝင်လာခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ် အသင်းဖော် ကတ်စမဲရိုးကတော့ ဘရားဇီးအသင်းအတွက် ကစားခွင့်ရခဲ့ပါတယ်။
ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်း အောင်မြင်မှုမရခဲ့တာလည်း မာဆယ်လို ခြေစွမ်းကျဆင်းနေတာကြောင့်လို့ ဝေဖန်ခံနေရပါတယ်။ အခုလည်း ဘရာဇီးလက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့ထိ အခြေနေဆိုးရွားလာခဲ့ပါတယ်။ တစ်ချိန်ကရီးရဲလ်အသင်းမှာ ရော်နယ်ဒိုနဲ့ အတွဲညီညီကစားခဲ့ကြပေမယ့် ဂျူဗင်တပ်အသင်းကိုရော်နယ်ဒိုထွက်သွားပြီးနောက်ပိုင်း အသင်းရလဒ်ပိုင်းတွေ ကျဆင်းခဲ့ရတာလည်းဖြစ်ပါတယ်။
#before kick-off