
၂၀၂၀ ယူရိုပြိုင်ပွဲကိုတော့ ပုံစံအသစ်နဲ့ စတင်ကျင်းပတာဖြစ်ပြီး ဥရောပနိုင်ငံပေါင်း ၁၂နိုင်ငံက မြို့ကြီး ၁၂မြို့မှာ အုပ်စုပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်နဲ့ ဗိုလ်လုပွဲကိုတော့ အင်္ဂလန်က ဝင်ဘလေကွင်းကြီးထဲမှာ လက်ခံကျင်းပမှာပါ။
ဒါပေမယ့် ဘောလုံးပွဲလက်မှတ်ခတွေ ဈေးအရမ်းကြီးမြင့်နေတာကြောင့် အင်္ဂလန်ဘောလုံးပရိတ်သတ်တွေအတွက် အခက်ကြုံနေရပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀မှာ အုပ်စု Dတွင် ကျရောက်နေပါတယ်။ အုပ်စုပွဲစဉ်လက်မှတ်ခမှာ ၁၆၃ပေါင် (ကျပ်ငွေသုံးသိန်းခန့်) ရှိပြီး ဆီမီးဖိုင်နယ်ပွဲစဉ်လက်မှတ်ခမှာ ၅၂၂ပေါင် (ကျပ်ငွေ ၁၀သိန်းခန့်) ရှိပါနေပါတယ်။ The Sun သတင်းအရ ဗိုလ်လုပွဲလက်မှတ်မှာ ပေါင် ၉၀၀နီးပါး( ကျပ်ငွေ ၁၇သိန်းကျော်) ကျသင့်လိမ့်မယ်လို့ သိရပါတယ်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် ၂ပွဲလုံးအတွက်ဆိုရင် ၁၃၅၁ပေါင်ခန့်( ကျပ်ငွေ ၂၆သိန်းကျော်) ကျသင့်မှာလည်းဖြစ်ပါတယ်။
#before kick-off