ပရီးမီးယားလိဒ်ဟာ နှစ်ကောင်တည်းပြေးတဲ့မြင်းပြိုင်ပွဲဖြစ်နေဦးမယ်လို့ပြောလိုက်တဲ့ လီဗာပူးလ်ဂန္တဝင် ဂရယ်မီဆောင်းနက်

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဒ်ဖလားကို အကြိတ်အနယ် လုခဲ့ရတဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းနှစ်သင်းပဲ လာမယ့် ၂၀၁၉/၂၀ဘောလုံးရာသီမှာ ဆုဖလားကို ထပ်လုသွားရဖို့ရှိတယ်လို့ လီဗာပူးလ်ဂန္တဝင် ဂရယ်မီဆောင်းနက်က ယုံကြည်နေပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးနဲ့ဒုတိယမြောက်ရာသီမှာ သူ့ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဒ်ဖလားကို လီဗာပူးလ်အသင်းထက်တစ်မှတ်အသာ ရမှတ်(၉၈)မှတ်နဲ့ ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကလည်း အသင်းရဲ့သမိုင်းတစ်လျှောက်စံချိန်တင်ရမှတ်ရရှိခဲ့သလို ပရီးမီးယားလိဒ်သမိုင်းတစ်လျှောက် ဗိုလ်မစွဲခဲ့တဲ့ အသင်းတွေထဲ အမှတ်အများဆုံးရရှိခဲ့တဲ့ အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံလိဒ်ဖလားကိုလည်းရရှိခဲ့ပြီး ပရီးမီးယားလိဒ်မှာလည်း ရှုံးပွဲတစ်ပွဲသာကြုံတွေ့ခဲ့ပါတယ်။ ဒုတိယနေရာက လီဗာပူးလ်နဲ့ တတိယနေရာက ချဲလ်ဆီးဟာ ၂၇မှတ်ထိ ကွားခြားချက်ရှိခဲ့တာကလည်း မန်စီးတီးနဲ့ လီဗာပူးလ် အသင်း၂သင်းတည်း ချန်ပီယံဆုအတွက်ပြိုင်ဆိုင်နေကြောင်းပေါ်လွင်နေပါတယ်။ "ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ တခြားအသင်းတွေထက် ခေါင်းတစ်လုံးသာတဲ့စွမ်းဆောင်ရည်မျိုးပြခဲ့ကြပါတယ်" "မန်ယူအသင်းက ခံစစ်ပိုင်းကလွဲရင်တောင့်တင်းပြီးသားပါ။ ဟယ်ရီမက်ဂွိုင်းဟာ ဗန်ဒိုက်လိုလုပ်ဆောင်နိုင်လိမ့်မယ်လို့ မန်ယူအသင်းအတွက် မျှော်လင့်ပါတယ်" "စပါးကတော့ ငွေတွေအများကြီးသုံးခဲ့သလို ပြီးခဲ့တဲ့နှစ်တွေအတွင်း … Continue reading ပရီးမီးယားလိဒ်ဟာ နှစ်ကောင်တည်းပြေးတဲ့မြင်းပြိုင်ပွဲဖြစ်နေဦးမယ်လို့ပြောလိုက်တဲ့ လီဗာပူးလ်ဂန္တဝင် ဂရယ်မီဆောင်းနက်

လီဗာပူးလ်လူငယ်ကစားသမားတွေကို ကူညီဖို့ကြိုးစားသွားမည်ဖြစ်ကြောင်း အလက်ဇန်းဒါးအာနိုးပြောကြား

အသက်(၂၁)နှစ်သာရှိသေးတဲ့ လီဗာပူးလ်နောက်တန်းအစွန်လူ အလက်ဇန်းဒါးအာနိုးဟာ အသင်းရဲ့လူငယ်ကစားသမားတွေကိုကူညီဖို့ သူ့မှာတာဝန်ရှိတယ်လို့ ခံစားနေရကြောင်း ပြောကြားခဲ့ပါတယ်။ အာနိုးက လီဗာပူးလ်အသင်းရဲ့ နောက်မျိုးဆက်သစ်တွေအတွက် အကယ်ဒမီရဲ့ အဆင့်အတန်းကိုမြှင့်တင်ပြီး ပါဝင်လုပ်ဆောင်သွားဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ အာနိုးဟာ ပြီးခဲ့တဲ့ ၃နှစ်အတွင်း ပရီးမီးယားလိဒ်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သလို နိုင်ငံလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။ အောင်မြင်မှုအဖြစ် ချန်ပီယံလိဒ်ဖလားကို ၂နှစ်ဆက် ဗိုလ်လုပွဲတက်ခဲ့ပြီး ဒုတိယတစ်ကြိမ်မှာဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အာနိုးရဲ့လျင်မြန်စွာတိုးတက်လာမှုက ဘရူးစတား၊ ဟယ်ရီဝယ်ဆန်တို့လို လူငယ်ကစားသမားတွေအတွက် ကလော့ပ်လက်အောက်မှာ အခွင့်အရေးရဖို့ မျှော်လင့်ချက်များစွာရှိနေပါတယ်။ လီဗာပူးလ်အသင်း ဒီနွေရာသီအပြောင်းအရွှေ့မှာ ကြီးကြီးမားမားခေါ်ယူမှု မပြုလုပ်ထားသေးတာကလည်း လူငယ်ကစားသမားတွေအတွက် အခွင့်အလမ်းတစ်ရပ်ပါပဲ။ "ကျွန်တော် လူငယ်ကစားသမားတွေအတွက် တာဝန်ရှိနေတယ်လို့ ကိုယ့်ကိုယ်ကို နားလည်ထားပါတယ်" "ကျွန်တော်သူတို့အတွက်ရှိနေတယ်ဆိုတာအတွက် ကြိုးစားနေပါတယ်၊ သူ့တို့ကျွန်တော့်ကိုလာပြီး ပြောဆိုဆွေးနွေးနိုင်တယ်ဆိုတာလည်း သူတို့သိဖို့အတွက်ပေါ့" လို့ အာနိုးကပြောသွားခဲ့ပါတယ်။ မနက်ဖြန်ကစားမယ့် မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ဟာ … Continue reading လီဗာပူးလ်လူငယ်ကစားသမားတွေကို ကူညီဖို့ကြိုးစားသွားမည်ဖြစ်ကြောင်း အလက်ဇန်းဒါးအာနိုးပြောကြား

ဆွာရက်ဇ်ဦးဆောင်နေတဲ့ အားကစားလောကရဲ့ လူမုန်းအခံရဆုံး လူဆိုးကြီး (၁၀)ဦး

နာမည်ကျော်အားကစားရုပ်သံလိုင်းတခုဖြစ်တဲ့ ESPN ကနေ ပရိသတ်တွေကို ရွေးချယ်ခိုင်းခဲ့တဲ့ အားကစားသမား ရဲ့ လူမုန်းအခံရဆုံး ကစားသမားဆယ်ဦးစာရင်းမှာတော့ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ဦးဆောင်သွားခဲ့ပါတယ်။ ဒီဥရုဂွေးသားကြီးဟာနိုင်ငံအသင်းမှာသာမကပဲ ပရီးမီးယားလိဂ်နဲ့ လာလီဂါမှာပါ တိုက်စစ်မှူးကောင်းတဦးဖြစ်တယ်ဆိုတာကို ပြသထားခဲ့ပေမယ့် သူ့ရဲ့ အမူအကျင့်ဆိုးတွေကြောင့် ဗီလိန်ဖြစ် နေခဲ့တာဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အီတလီ ကစားသမား ချီလီနီ ရဲ့ ပုခုံးကို ကိုက်ခဲ့တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ဒီလုပ်ရပ်ကြောင့် နိုင်ငံတကာပွဲ ၉ ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ခံရပြီး အားကစား လောကနဲ့ ၄လ မပတ်သတ်ဖို့ ပါအမိန့်ချခံခဲ့ရတာဖြစ်ပါတယ်။ ဂါနာအသင်းနဲ့ ပွဲမှာ ဘောလုံးကို လက်နဲ့ ပုတ်ခဲ့တဲ့ လုပ်ရပ် အခြားကစားသမား တွေကို ကိုက်ခဲ့တဲ့ လုပ်ရပ်တွေ ကြောင့် လည်း အခုလို လူမုန်းများနေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာတော့ နယူးကာဆယ် … Continue reading ဆွာရက်ဇ်ဦးဆောင်နေတဲ့ အားကစားလောကရဲ့ လူမုန်းအခံရဆုံး လူဆိုးကြီး (၁၀)ဦး

ဘာနေဗျူးကွင်းကြီးထဲမှာ ဟာဇက်ကို မိတ်ဆက်ပွဲပြုလုပ်ပေးတော့မယ့် ရီးရဲလ်မက်ဒရစ်

ဇွန်လ ၃ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းက ပြောင်းရွှေ့လာမယ့် အီဒင်ဟာဇက်ကို ဘာနေဗျူးကွင်းကြီးထဲမှာ အသင်းပရိတ်သတ်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်ပေးသွားဖို့ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဟာဇက်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၁၅သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တစ်ပါတ်လုပ်ခလစာ ပေါင် ၄ သိန်းပေးချေရမှာလည်းဖြစ်ပါတယ်။ အသင်းက ထွက်ခွာသွားတဲ့ တိုက်စစ်မှူးရိုနယ်ဒို နေရာမှ အစားထိုးဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းအတွက် မှန်ကန်တဲ့ ခေါ်ယူမှုဖြစ်လာမလားစောင့်ကြည့်ရမှာပါ။ အသက် ၂၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၁၉ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၆ကြိမ်ထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

မန်စီးတီးကနေထွက်ခွာဖွယ်ရှိနေတဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးဗား

မန်စီးတီးအသင်းရဲ့ အဓိကဝါရင့်ကစားသမား ဒေးဗစ်ဆေးဗားဟာ ကာတာကလပ်အသင်း တစ်သင်းနဲ့ သဘောတူညီမှုရထားပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မန်စီးတီးအနေနဲ့တော့ အသင်းခေါင်းဆောင်ကွန်ပနီ အသင်းကနေထွက်ခွာခဲ့အပြီး အသင်းရဲ့အားထားရတဲ့ ကစားသမားနောက်တစ်ဦးကို ဆုံးရှုံးလိုက်ရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ The Sun ရဲ့ဖော်ပြချက်အရ အကယ်၍ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့မယ်ဆိုရင် ဒေးဗစ်ဆေးဗားအနေနဲ့ အဆိုပါကာတာကလပ်မှာ ပေါင် ၁၂သန်းဝန်ကျင် ရရှိမယ်လို့ ဆိုပါတယ်။ အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဆေးဗားဟာ မန်စီးတီးအသင်းအတွက် ၂၈၄ပွဲကစား သွင်းဂိုး ၅၄ဂိုး၊ ဂိုးဖန်တီးမှု ၉၃ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဒေးဗစ်ဆေးဗားဟာ မန်စီးတီးအသင်း ပရီးမီးယားလိဒ်ဖလား ၄ကြိမ်၊ FA ဖလား ၂ကြိမ်၊ လိဒ်ဖလား ၄ကြိမ် ရရှိခဲ့ရမှာ အဓိကကျတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဥရောပရွှေဖိနပ်ဆု ရခဲ့ပေမယ့် လီဗာပူးလ်အသင်းကိုခေါင်းထဲက မထုတ်နိုင်သေးတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ လိဒ်သွင်းဂိုး ၃၆ဂိုးနဲ့ သူ့ရဲ့ခြောက်ကြိမ်မြောက်ဥရောပရွှေဖိနပ်ဆုကို ရယူလိုက်ပါပြီ။ အနီးကပ်ဆုံးပြိုင်ဘက် အမ်ဘက်ပီကတော့ ပြင်သစ်လီဂူးနောက်ဆုံးပွဲစဉ်မှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ၃၃ဂိုးနဲ့ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဥရောပရွှေဖိနပ်ဆုအရေအတွက်မှာ မက်ဆီဟာ ရော်နယ်ဒိုကို ရွှေဖိနပ်နှစ်ခု အသာရပြီး နောက်ကောက်ချနိုင်ခဲ့ပါတယ်။ မက်ဆီအနေနဲ့ ဒီရွှေဖိနပ်ဆုကြောင့် ၁၉၆၇/၆၈ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံး ၃နှစ်ဆက်ရွှေဖိနပ်ဆုရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ရွှေဖိနပ်ဆုနဲ့ပါတ်သက်ပြီးတော့ "ရွှေဖိနပ်ဆုအကြောင်း ကျွန်တော့ အတွေးထဲမှာတောင် မရှိပါဘူး၊ လီဗာပူးလ်နဲ့ပွဲက ဘာတွေဖြစ်ခဲ့လဲဆိုတာပဲ ခေါင်းထဲရှိနေပါတယ်" လို့BBC ကိုပြောသွားခဲ့ပါတယ်။

အကယ်၍ ပရီးမီးယားလိဒ်မှာသာဆိုရင် မက်ဆီခြေစွမ်းပြနိုင်ပါ့မလား

ဘာစီလိုနာအသင်းဟာ ၂၀၁၈/၁၉ လာလီဂါဆုဖလားကို ရီရဲလ်မက်ဒရစ်အသင်းကို ၁၉မှတ်ဖြတ်ပြီး အရယူနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုမှာ မက်ဆီရဲ့ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကြောင့်လို့ ပြောလို့ရပါတယ်။ သူ့ရဲ လာလီဂါ စွမ်းဆောင်ရည်မှတ်တမ်းမှာ သွင်းဂိုး ၃၆ဂိုး၊ ဂိုးဖန်တီးမှု ၁၃ကြိမ် အစရှိသဖြင့် အချက်အလက် ၁၅မျိုးမှာ ၁၄မျိုးထိ No.1 ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈/၁၉ ပရီးမီးယားလိဒ်ကစားသမားတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ အချက်အလက်တော်တော်များများမှာ အသာစီးမရခဲ့ပါဘူး။ ယခုနှစ် လာလီဂါမှာ မက်ဆီဟာ ၃၆ဂိုးထိသွင်းယူနိုင်ခဲ့တာက လာလီဂါရွှေဖိနပ်ဆုအပြင် ဥရောပရွှေဖိနပ်ဆု အတွက်ပါ အခြေအနေကောင်းနေပါတယ်။ သူ့ရဲ့ လာလီဂါ ဂိုးဖန်တီးမှုက ပရီးမီးယားလိဒ်က ဟာဇက် (၁၅ကြိမ်)ထက် လျော့နည်းခဲ့သလို အခွင့်အရေးဖန်တီးပေးနိုင်မှုမှာလည်း လက်စတာကွင်းလယ်ကစားသမား မက်ဒီဆင် (အကြိမ် ၁၀၀)ထက်လျော့နည်းခဲ့ပါတယ်။ အပိုင်အခွင့်အရေးဖန်တီးပေးနိုင်မှုမှာတော့ မက်ဆီက ၃၄ကြိမ်နဲ့ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ တစ်ဖက်အသင်းရဲ့ … Continue reading အကယ်၍ ပရီးမီးယားလိဒ်မှာသာဆိုရင် မက်ဆီခြေစွမ်းပြနိုင်ပါ့မလား

ယူရို ၂၀၂၀ ဗိုလ်လုပွဲလက်မှတ်ခ ပေါင် ၉၀၀နီးပါးခန့် (မြန်မာငွေ ၁၇သိန်းကျော်) ကျသင့်

၂၀၂၀ ယူရိုပြိုင်ပွဲကိုတော့ ပုံစံအသစ်နဲ့ စတင်ကျင်းပတာဖြစ်ပြီး ဥရောပနိုင်ငံပေါင်း ၁၂နိုင်ငံက မြို့ကြီး ၁၂မြို့မှာ အုပ်စုပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်နဲ့ ဗိုလ်လုပွဲကိုတော့ အင်္ဂလန်က ဝင်ဘလေကွင်းကြီးထဲမှာ လက်ခံကျင်းပမှာပါ။ ဒါပေမယ့် ဘောလုံးပွဲလက်မှတ်ခတွေ ဈေးအရမ်းကြီးမြင့်နေတာကြောင့် အင်္ဂလန်ဘောလုံးပရိတ်သတ်တွေအတွက် အခက်ကြုံနေရပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀မှာ အုပ်စု Dတွင် ကျရောက်နေပါတယ်။ အုပ်စုပွဲစဉ်လက်မှတ်ခမှာ ၁၆၃ပေါင် (ကျပ်ငွေသုံးသိန်းခန့်) ရှိပြီး ဆီမီးဖိုင်နယ်ပွဲစဉ်လက်မှတ်ခမှာ ၅၂၂ပေါင် (ကျပ်ငွေ ၁၀သိန်းခန့်) ရှိပါနေပါတယ်။ The Sun သတင်းအရ ဗိုလ်လုပွဲလက်မှတ်မှာ ပေါင် ၉၀၀နီးပါး( ကျပ်ငွေ ၁၇သိန်းကျော်) ကျသင့်လိမ့်မယ်လို့ သိရပါတယ်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် ၂ပွဲလုံးအတွက်ဆိုရင် ၁၃၅၁ပေါင်ခန့်( ကျပ်ငွေ ၂၆သိန်းကျော်) ကျသင့်မှာလည်းဖြစ်ပါတယ်။ #before kick-off

Ballon D’Orဆုကို မက်ဆီရဖို့ သံသယဖြစ်နေတဲ့ မော်ရင်ဟို

Ballon d'Or ၅ဆုရှင် လီယွန်နယ်မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီမှာ ၄၈ပွဲ ကစား ၄၈ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၂ကြိမ်ထိလည်း ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ လာလီဂါဖလားကို ပြိုင်ပွဲမပြီးဆုံးခင်မှာပဲ ရရှိထားသလို ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲကိုလည်း ဗလင်စီယာအသင်းနဲ့ လာမယ့်အပါတ်မှာ ကစားရဖို့ရှိနေပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ ကောင်းမွန်ခဲ့ပေမယ့် ချန်ပီယံလိဒ်ပြိုင်ပွဲက ထွက်ခွာခဲ့ရခြင်းဟာ ရွှေဘောလုံးဆုအတွက် အဟန့်အတားတစ်ခုဖြစ်စေခဲ့ပါတယ်။ ချန်ပီယံလိဒ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ လှပသေသပ်တဲ့ ဖရီးကစ်ဂိုးအပါအဝင် လီဗာပူးလ်အသင်းဘက်ကို ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယအကျော့ အန်ဖီးမှာ ခြေစွမ်းမပြနိုင်ဘဲ လီဗာပူးလ်အသင်းရဲ့ အံ့သြဖွယ်ရာ come back ကြောင့် ချန်ပီယံလိဒ်ကို နှုတ်ဆက်ခဲ့ရပါတယ်။ နည်းပြမော်ရင်ဟိုကတော့ လီဗာပူးလ်အသင်းနဲ့ ပထမအကျော့ပွဲအပြီးမှာ မက်ဆီကို ဘောလုံးလောကရဲ့ အရှင်သခင်ဆိုပြီး ချီးကျူးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းချန်ပီယံလိဒ်က ထွက်ခွာခဲ့ရပြီးနောက်မှာတော့ "မက်ဆီဟာ Ballon … Continue reading Ballon D’Orဆုကို မက်ဆီရဖို့ သံသယဖြစ်နေတဲ့ မော်ရင်ဟို

ဘရာဇီးလက်ရွေးစင်အသင်းမှာ အရွေးမခံခဲ့ရတဲ့ မာဆယ်လို

ရီးရဲမက်ဒရစ်အသင်း နောက်ခံလူ မာဆယ်လိုဟာ ဘရာဇီးအသင်းရဲ့ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲလူစာရင်းမှာ အံ့အားသင့်ဖွယ် မပါဝင်လာခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ် အသင်းဖော် ကတ်စမဲရိုးကတော့ ဘရားဇီးအသင်းအတွက် ကစားခွင့်ရခဲ့ပါတယ်။ ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်း အောင်မြင်မှုမရခဲ့တာလည်း မာဆယ်လို ခြေစွမ်းကျဆင်းနေတာကြောင့်လို့ ဝေဖန်ခံနေရပါတယ်။ အခုလည်း ဘရာဇီးလက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့ထိ အခြေနေဆိုးရွားလာခဲ့ပါတယ်။ တစ်ချိန်ကရီးရဲလ်အသင်းမှာ ရော်နယ်ဒိုနဲ့ အတွဲညီညီကစားခဲ့ကြပေမယ့် ဂျူဗင်တပ်အသင်းကိုရော်နယ်ဒိုထွက်သွားပြီးနောက်ပိုင်း အသင်းရလဒ်ပိုင်းတွေ ကျဆင်းခဲ့ရတာလည်းဖြစ်ပါတယ်။ #before kick-off